To Be Sure

ကာယဗလမောင်ပြိုင်ပွဲ

ကြေညာသူ: ကြွရောက်လာကြတဲ့ ဧည့်ပရိတ်သတ်များကို ကျွန်တော်တို့ ၂၀၁၀ ကာယဗလမောင်ပြိုင်ပွဲမှ ကြိုဆိုပါတယ်။ ဒီပြိုင်ပွဲမှာ ဗိုလ်ချုပ်ကြီးသန်းရွှေက လွဲရင် လူအိုနဲ့လူပိန်တွေပဲ ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြီုင်လို့ ရပါတယ်။ အခု မြန်မာနိုင်ငံမှာ နာမည်ကျော်ကြားနေတဲ့ ကာယဗလမောင် ငါးယောက်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ပေါင် ၂၀၀ ကျော်နဲ့ ကျန်တဲ့လေးယောက်က ပေါင် ၁၀၀ နဲ့ ၁၅၀ ကြားဖြစ်ပါတယ်။ သူတို့တွေက နယ်အသီးသီးက လာကြပါတယ်။

ပရိတ်သတ် ၁: ပာင် ဒီပွဲမှာ သန်းရွှေတစ်ယောက်ဘဲဝပြီး ကျန်တဲ့လူတွေက ဘာဖြစ်လို့ ပိန်ခြောက်နေရတာလဲ။

ပရိတ်သတ် ၂: အော် ဒီ ၂၀၁၀ ရွေးကောက်ပွဲလိုပေါ့.. ဗိုလ်သန်းရွှေက ရွေးကောက်ပွဲမှာ သူ့ကိုနိုင်မယ့် သူတွေကို ထောင်ထဲထည့်ထားပြီး သူက ထိန်းချုပ်နိုင်တဲ့ ၊ သူ့ ကိုမနိုင်မယ့် သူတွေကိုပဲ ရွေးပြီးပြိုင်ခွင့် ပေးထားတာပေါ့။ အဲဒီတော့ သူတယောက်တည်း အနိုင်ရဖို့ သေချာသွားတာပေါ့။

ပရိတ်သတ် ၁- ပာင်... ဒါဆိုငါတို့ရွေးကောက်ပွဲလည်း ဒီကာယဗလမောင်ပြိုင်ပွဲ လိုပေါ့နော်....... ပာားပာား ရယ်ချင်စရာကြီး.. ငါတို့နိုင်ငံက ကာယဗလမောင် ရွေးပွဲမှာ လူအိုနဲ့ ပိန်တဲ့သူတွေပဲ ပြိုင်ခွင့်ရတယ်လို့။ ဒါကြောင့်မို့ ဗိုလ်ချုပ်တွေကို ငါ့တို့နိုင်ငံမှာ ပြိုင်ဘက်ကင်းလို့ ခေါ်တာလား။

သတို့သမီးမရှိတဲ့မင်္ဂလာဆောင်

က) ပဲာ့ ... နင် မိလုံးနဲ့ဖိုးပြား မင်္ဂလာဆောင် မသွားဘူးလား။

ခ) နင် သတင်းမကြားသေးဘူးလား။ မိလုံးက မင်္ဂလာမဆောင်ချင်လို့ အိမ်ကနေ ထွက်ပြေးသွားပြီပာ။ ခုပာာက သတိုသမီးမရှိတဲ့ မင်္ဂလာဆောင်လေ။ သွားလည်းဘာထူးမှာလည်း ပာ။

က) ပာမ်.. သူက ဘာလို့ ထွက်ပြေးတာလဲပာ။

ခ) ဒီလောက် ဆိုးသွမ်းနေတဲ့ သတို့သားကို ဘယ်သူက လက်ထပ်ချင်မှာလဲပာ။ လာမယ့် ၂၀၁၀ ရွေးကောက်ပွဲလိုပေါ့။

က) ပာားပာားပာား.... မင်္ဂလာဆောင်ကနေေ၇ွးကောက်ပွဲကို ဘယ်လို ရောက်သွားပြန်ပြီလဲ။

ခ) ပာုတ်တယ်လေပာာ... မင်္ဂလာဆောင်တခုမှာ သတို့သား၊ သတို့သမီးပါမှ ပြည့်စုံသလို ရွေးကောက်ပွဲမှာလည်း စစ်အစိုးရ၊ အန်အယ်လ်ဒီနဲ့ တခြားနိုင်ငံရေးပါတီတွေ အကုန်ပါဝင်မှ ပြည့်စုံပြီး မျှတမှာပေါ့ပာ။ ခုပာာက အန်အယ်လ်ဒီတို့လို့ လုထုထောက်ခံမူ့ အများကြီိးရထားတဲ့ ပါတီတွေတောင် မပါဝင်ဘူးဆိုတော့ စစ်အစိုးရက သတို့သမီးမရှိတဲ့ သတို့သား ဖြစ်သွားတာပေါ့။

က) အန်အယ်လ်ဒီက ဘာလို့ မပါတာလဲပာ။

ခ) နင်ကလည်း စစ်အစိုးရက ဒီလောက်ကောက်ကျစ်၊ ယုတ်မာ၊ ဆိုးသွမ်းနေတာကို ဒီရွေးကောက်ပွဲမှာ ဘယ်သူက ပါချင်မှာလဲပာ။

က) ပာားပာားပာား.... သတို့သမီးမရှိတဲ့ မင်္ဂလာပွဲနဲ့ အားလုံးပါဝင်မှု မရှိတဲ့ ရွေးကောက်ပွဲ တူတူပဲ ဆိုတာကတော့ ငါ သဘောပေါက်ပြီ။ ဒါနဲ့ ဒီမင်္ဂလာဆောင်မှာက အစားအစာတွေ အလျှံအပါယ် ကျွေးတယ်ပာ။ ငါတို့သွားရင် အလကား တဝတပြဲ စားလို့ရတာပေါ့ပာ...သူ့ပာာသူ သတို့သမီးရှိရှိ မရှိရှိ။

ခ) အေး... အဲဒါက ငါကြင်းဆီနဲ့ ငါးကြင်းကြော်တာပာ။ သတို့သားမိဘတွေက ငါတို့ဆီက ပိုက်ဆံတွေကို နည်းအမျိုးမျိုးနဲ့ လုယူပြီးတော့ ချမ်းသာနေတာ နင်လည်းသိသားနဲ့။ ငါတို့ဆီက အမြတ်ကြီိးစားထားတဲ့ ငွေတွေနဲ့ ငါတို့ကို ပြန်ကျွေးတာ။ ရွေးကောက်ပွဲလိုပေါ့.. ငါတို့ပြည်သူတွေဆီက ဂုတ်သွေးစုတ်ထားတဲ့ ငွေတွေနဲ့ ကျင်းပမယ့်ပာာကို။

က) ပာင်...ဒါဆို ငါတို့ ဘယ်လိုလုပ်ကြမလဲ။

ခ) ပာ..... နင်ကလည်း....သတို့သမီးတို့လို၊ အန်အယ်လ်ဒီ တို့လိုမျိုး ဒီလိုပွဲတွေမှာ ဝင်မပါပဲနေတာ အကောင်းဆုံးပေါ့။ သတို့သားနဲ့ သူ့ မိဘတွေပဲ မင်္ဂလာဆောင်မှာ သူတို့ပာာသူတို့ ဒီအတိုင်း ထိုင်နေပါစေပေါ့။

က) ပာားပာားပာား... (ပြိုင်တူရယ်သံ) အဲဒါအကောင်းဆုံးပဲ။

မြန်မာ့အလှမယ်ရွေးချယ်ပွဲ ၂၀၁၀

က) အခုအစီအစဉ်ကတော့ ၂၀၁၀ မြန်မာ့ အလှမယ်ရွေးပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ အလှမယ်လေးများကို ဥာဏ်စမ်းမေးခွန်းများ မေးမယ့် အစီအစဉ်ပဲဖြစ်ပါတယ်။ အခုဖြေဆိုမယ့် အလှည့်ကျသူကတော့ ရှားရှားပါးပါး တယောက်တည်း ဝင်ပြိုင်ပြီး ပြိုင်ဘက်မရှိ နံပါတ် ၁ ပြေးနေတဲ့ အလှမယ်လေး ဆည်းဆာဝါဝါ ဖြစ်ပါတယ်၊ ညီမလေးက စိတ်အရမ်းကို လှုပ်ရှားနေတယ် ထင်တယ်....မျက်နှာက ငိုမလို ရယ်မလိုနဲ့။

ခ) စိတ်လှုပ်ရှားတာပေါ့ရှင်.. ပြိုင်ဘက်မရှိတဲ့ ပွဲတွေမှာတောင် ရှုံးသွားရင် မရှိတဲ့အရှက် ကွဲရချည်ရဲ့။

က) ကဲ.. ညီမလေးရေ ပထမမေးမယ့် မေးခွန်းလေးကတော့ မြန်မာနို်င်ငံမှာ အမြဲတမ်း စိမ်းလန်းနေတဲ့ အရာပာာ ဘာလဲ၊ ဘာကြောင့်လည်း ဆိုတာဖြေပါ။

ခ) မြန်မာနိုင်ငံမှာ အမြဲတမ်း အစိမ်းလန်းဆုံး ဖြစ်နေတဲ့ အရာကတော့ စစ်တပ်ရဲ့ ယူနီဖောင်းပဲ ဖြစ်ပါတယ်ရှင်။ ဘာလို့လည်းဆိုတော့ သစ်ပင်တွေတောင် အမြဲတမ်း မစိမ်းနိုင်ပါဘူး။ ဒါပေမယ့် စစ်တပ်ကတော့ ပိာုး...လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ဆယ်ကျော်ကနေ အခုထိ အာဏာ တည်မြဲနေပြီး စိမ်းနေတဲ့ စစ်ယူနီဖောင်းတွေက လျော့ဖို့မရှိပဲ တိုးတိုးလာလို့ပဲ ဖြစ်ပါတယ်။

က) ပာုတ်ပါပြီ... ဒုတိယမေးခွန်းကတော့ ကမ္ဘာပေါ်မှာ အမြင့်မြတ်ဆုံး တိရစ္ဆာန်ကို ပြောပြပေးပါ။

ခ) ကမ္ဘာပေါ်မှာ အမြင့်မြတ်ဆုံး တိရစ္ဆာန်တော့ မသိပါဘူးရှင်။ ဒါပေမယ့် မြန်မာနိုင်ငံမှာ အမြင့်မြတ်ဆုံး တိရစ္ဆာန်ကတော့ ဆင်ဖြူတော်ပဲ ဖြစ်ပါတယ်။ ဘာလို့လည်းဆိုတော့ ခေတ်အဆက်ဆက်မှာ ဆင်ဖြူတော်ပိုင်တဲ့ ဘုရင်တွေပာာ ဘုန်းတန်ခိုးကြီးပြီး ရန်အပေါင်းကို အောင်နိုင်စေတယ်လို့ အယူရှိပါတယ်။ ဒါကြောင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကလည်း မရှိတဲ့ ဘုန်းတန်းခိုး ကြီးချင်တဲ့အတွက် ဆင်ဖြူတော်ရှာမရလို့ ရှိတဲ့လေယာဉ် ၂ စီးကို ဆေးဖြူသုတ် ဆင်ဖြူတော်လို့ အမည်ပေးပြီး စီးနေလို့ပါပဲ။

က) ပာုတ်ကဲ့ပါ .. တတိယမေးခွန်းကတော့ တိုးတက်မှု တခုကြောင့် ဖြစ်ပေါ်လာတဲ့ ဆုတ်ယုတ်ပျက်စိးမှု
ူ့အခြေအနေတွေကို ဖြေပေးပါ။

ခ) ဒါကတော့လွယ်ပါတယ်ရှင်... စစ်သားဦးရေ တိုးတက်မှုကြောင့် ပြည်သူတွေ ပိုပြီး ဒုက္ခ ရောက်ကြရပါတယ်။ ဘာလို့လည်းဆိုတော့ စစ်တပ်က အုပ်ချုပ်နေတဲ့ ကာလတလျှောက်လုံး စစ်တပ်က ပြည်သူတွေကို မကာကွယ်ပဲ ပြည်သူတွေဆီကနေ အမြတ်ထုတ်နေရုံမက မုဒိန်းကျင့်၊ ခိုးဆိုး၊ လုယက်၊ သတ်ဖြတ် စတဲ့ အကြမ်းဖက်မှု
ူ့များစွာကိုလည်း ကျူးလွန်နေပါတယ်။ ဒါကြောင့် တဖြည်းဖြည်း ကြီးမားလာတဲ့ စစ်တပ်အင်အားနဲ့အတူ ပြန်သူတွေပာာ ပိုပိုပြီး ဒုက္ခတွင်း နက်နေပါတယ်ရှင်။

က) နောက်ဆုံးမေးခွန်းကတော့ ... ဘဝတသက်တာမှာ မမေ့နိုင်တဲ့ ထူးဆန်းတဲ့ အကြောင်းအရာကို ဖော်ပြပေးပါ။

ခ) ကျွန်မတသက်မှာ အထူးဆန်းဆုံးနဲ့ အံ့သြစရာ အကောင်းဆုံးကတော့ မြန်မာနိုင်ငံရဲ့ လာမယ့် ၂၀၁၀ ရွေးကောက်ပွဲပဲ ဖြစ်ပါတယ်ရှင်။ ဘာလို့လည်းဆိုတော့ အခု ကျွန်မအသက် ၂၀ ပြည့်တဲ့အထိ နေကြတ်တာကိုတောင် ၂ ခါ ၃ ခါ ကြုံဘူးပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲ ဆိုတာကိုတော့ ကျွန်မ ဘဝတလျှောက် တခါမှကို မကြားဖူးခဲ့ပါဘူးရှင်။ ဒီတခါ ပထမဆုံး ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မအတွက် အရမ်းအရမ်းကို ထုူးဆန်း အံ့သြစရာ ကောင်းနေပါတယ်။
..........
က) ၂၀၁၀ ရဲ့ မြန်မာ့အလှမယ်သရဖူကို ပြိုင်ဘက်မရှိ ရသွားသူကတော့ မ......... ဆည်းဆာဝါဝါပဲ ဖြစ်ပါတယ်ရှင်။ ဒါ့အပြင် သူ့ရဲ့အဖြေတွေက အရမ်းကို မှန်လွန်းတဲ့အတွက် အထူးဆုအနေနဲ့ စစ်အစိုးရက အင်းစိန်ထောင်အတွင်း ရက်အကန့်အသတ်မရှိ လည်ပတ်နေထိုင်ခွင့်ကို ထပ်လောင်း ချီးမြှင့်လိုက်ပါတယ်ရှင်။

သေချာအောင်လို့ပါ။

ကျောင်းသား ။ ။ မင်္ဂလာပါဆရာမ
ဆရာမ ။ ။ အားလုံးပဲ မင်္ဂလာပါကွယ်။ ဒီနေ့ သင်ခန်းစာမစခင် မနေ့ က သင်သွားတဲ့ ခေါင်းဆောင်တွေရဲ့ အခန်းကဏ္ဍနဲ့ ခေါင်းဆောင်ကောင်းတယောက်ရဲ့ အရည်အချင်းတွေနဲ့ ပတ်သက်ပြီး မရှင်းတာတွေ မေးစရာရှိလား။

ကျောင်းသား ။ ။ မရှင်းတာမရှိပါဘူး ဆရာမ၊ ထပ်ပြီး သိချင်တာလေးတွေ မေးချင်လို့ပါ။

ဆရာမ ။ ။ အေး--- အေး----၊ ဘာတွေများ မေးချင်လို့လဲ။

ကျောင်းသား ။ ။ ခေါင်းဆောင်ကောင်းရဲ့ အရည်အချင်းတွေတော့ သိပါပြီ။ အစိုးရ ကောင်းမကောင်း ကျနော်တို့ ဘယ်လိုသိနိုင်မလဲ။

ဆရာမ ။ ။ အဲဒီလိုသိနိုင်တဲ့ နည်းလမ်းတွေ အများကြီးရှိပါတယ်။ ဥပမာ- အစိုးရကောင်းတွေက ပြည်သူလူထုရဲ့ ပိုက်ဆံတွေကို မဖြုန်းတီးဘူး၊ တိုင်းပြည် တိုးတက်မှုအတွက်ပဲ သုံးတာပေါ့။

ကျောင်းသား။ ။ သြော်သိပြီ - ဒါကြောင့် ကျွန်တော်တို့ တောရွာတွေမှာ ရွာသုံးလေးရွာပေါင်းမှ ဆေးခန်းတခုရှိပြီး၊ အဲဒီဆေးခန်းမှာလည်း ဆရာဝန်၊ ဆရာမတွေ တယောက်နှစ်ယောက်ထက် ပိုမရှိတာပာာ အစိုးရ ပိုက်ဆံမဖြုန်းတာဘဲ ဖြစ်မယ်နော် ဆရာမ။

ဆရာမ ။ ။ ဒါက မဖြုန်းတာ မပာုတ်ပါဘူး ။ အစိုးရက သုံးသင့်တာကို မသုံးတာပါ။ နောက်တခုက ပြည်သူတွေ ဘေးအန္တရာယ်၊ အခက်အခဲ ပြသနာတွေနဲ့ ရင်ဆိုင်ကြုံတွေ့  လာတဲ့အခါမှာ အစိုးရက ဘာလုပ်သင့်တယ် ဆိုတာကို ဆုံးဖြတ်ပြီး ဦးဆောင် ဖြေရှင်းပေးတယ်။

ကျောင်းသား။ ။ သြော်- ဒါကြောင့် နာဂစ်တုန်းက တို့အစိုးရက နိုင်ငံတကာ ကိုယ်တိုင်ကိုယ်ကျ လာကူညီမှာကို လက်မခံပဲ ပစ္စည်းကိုပဲ လက်ခံပြီး သူတို့ဘာသာသူတို့ ဦးဆောင်ပြီး လုပ်ချင်ရာလုပ်တာကိုး၊ ပြီးတော့ အဆိုးဆုံးက နာဂစ်မုန်တိုင်း ပြီးပြီးချင်း ဖွဲ့စည်းပုံ အခြေခံဥပဒေအတွက် မဲဆန္ဒခံယူပွဲလုပ်ပြီး ပြည်သူတွေကို အတင်းအဓမ္မ မဲပေးခိုင်းတာကိုး။

ဆရာမ။ ။ အေး တကယ်လို့ ဆရာမပြောတဲ့အတိုင်း အစိုးရက မလုပ်ဆောင်ဘူးဆိုရင် အစိုးရကောင်းလို့ မခေါ်နိုင်ဘူး၊ မကောင်းတဲ့အစိုးရကို ပြည်သူတွေက အချိန်မရွေး ဖြုတ်ချပြီး အစိုးရသစ်ကို ပြည်သူအတွက် ရွေးချယ်ခွင့်ရှိတယ်၊

ကျောင်းသား။ ။ သြော်- ဒါကြောင့် တို့ အစိုးရက သူ့ ကို ဖြုတ်ချနိုင်တာသိလို့ ပြည်သူတွေကို သေနတ်နဲ့ အုပ်ချုပ်နေတာကိုး။ သူတို့မပြုတ်အောင် ကာကွယ်တဲ့အနေနဲ့ ရွေးကောက်ပွဲကိုလည်း သေချာစီမံပြီး အနှစ်နှစ်ဆယ်မှ တခါလုပ်တာပဲ ဖြစ်မယ်။

ဆရာမ။ ။ အမှန်တွေ သိပ်မပြောနဲ့ သမီးရယ်။ တော်ကြာ ဆရာမအလုပ် ပြုတ်နေပါဦးမယ်။

အားလုံးပိုကောင်းသွားမှာပါ

ဗိုလ်ကြီး- မင်္ဂလာပါခင်ဗျာ.. ဒီနေ့ ရွာသူ၊ ရွာသားတွေကို ဗိုလ်ကြီး အဓိက ပြောချင်တာကတော့ အမိတပ်မတော်ပာာ တိုင်းပြည်တိုးတက်မှုနဲ့ ပြည်သူတွေအတွက် ချွေးသွေးပေးဆပ်ခဲ့တာပာာ ပြည်သူတွေအသိပါ။ အခု ဒီ ၂၀၁၀မှာလည်း ဒီမိုကရေစီနည်းကျကျ ရွေးကောက်ပွဲကို ကျင်းပပေးဖို့ရှိပါတယ်။ ဒီရွေးကောက်ပွဲပြီးရင်တော့ အခြေအနေတွေအားလုံး ပိုကောင်းသွားမှာဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူတွေအားလုံး တက်ညီလက်ညီနဲ့ ရွေးကောက်ပွဲထဲ ပါဝင်ကြဖို့ တိုက်တွန်းချင်ပါတယ်။

ရွာသူကြီး- ရွေးကောက်ပွဲထဲ ပါဝင်ကြဖို့ ဗိုလ်ကြီးတည်ကြည်မှ အခုလို လာရောက်ပြီး အားပေးစကား ပြောကြားတဲ့အတွက် အထူးပဲ ကျေးဇူးတင်ရှိပါတယ်။

ဗိုလ်ကြီး- ပာုတ်ကဲ့ - ပာုတ်ပါတယ် ဒီရွေးကောက်ပွဲပာာ အရမ်းကို အရေးကြီးပါတယ်။

ကလေး- ဗိုလ်ကြီး ရွေးကောက်ပွဲပြီးသွားရင် သားသားတို့ ကျောင်းသွားလို့ရမလား။

ဗိုလ်ကြီး- မရဘူး

ကျောင်းသူ - ဒါဆို ဗိုလ်ကြီး ရွေးကောက်ပွဲပြီးရင် တိုင်းရင်းသားတွေကကော သူတို့အိမ်မှာ အေးအေးချမ်းချမ်း နေနိုင်မလားပာင်?

ဗိုလ်ကြီး- အဲလိုလည်းမပာုတ်ဘူး။

ကလေး- ခွင့်ပြုပါ ဗိုလ်ကြီး ဒါဆို ဗိုလ်ကြီးပြောတော့ ရွေးကောက်ပွဲပြီးရင် အခြေအနေအားလုံး ပိုကောင်းသွားမယ်ဆို။

ဗိုလ်ကြီး- အော် အားလုံး ပိုကောင်းသွားတယ် ဆိုတာက ဗိုလ်ကြီးတို့အဖွဲ့  အတွက်ကို ပြောတာသမီးတို့ရဲ့.....

ကလေး- ဘုရားရေ။

တိုင်းရင်းသားကိုယ်စားလှယ် လွတ်တော်ရွေးချယ်ပွဲ

ပါဝင်သူများ - ဘိုးစိန်တင် ၊ လူငယ်တိုင်းရင်သားကိုယ်စားလှယ် ကိုသာလင်း

ဘိုး - ဟေ့သာလင်း ရွေးကောက်ပွဲဆိုလား ဘေးရောက်ပွဲဆိုလား၊ ဒီနှစ်မှာရှိတယ်ဆိုဘဲ ၊

လင်း - ဟုတ်ပါ့ အဘရေ အစိုးရတွေဘက်က စဉ်းစားဆုံးဖြတ်ပြီး မဲပေးကြဖို့  ပါတီဖွဲ့ ဖို့  တိုက်တွန်းနေပြီ ၊

ဘိုး - ဟေ ဒါဖြင့် မင်းတို့ က ၀င်ပါမယ့် သဘောလားကွ ဗိုလ်ချုပါအောင်ဆန်း သမီးပါတဲ့  ပါတီတစ်ခုတောင် အဖိနှိပ်ခံထားရဆဲလေ မင်းတို့ က ရွေးကောက်ပွဲ ဥပဒေထုတ်မှ မျောက်အုန်းသီးရ လုပ်ပြဦးမလို့ လား၊

လင်း - ဟာ အဘကလည်း ဒါတွေမလိုဘူး ၊ အစိုးရက ချော့တာမြောက်တာ သိပ်ကြိုက်တာ အဲဒီပညာသာ အဓိက တတ်ထားရမှာ အဘရဲ့ .....

ဘိုး - အေးအေးအေး မင်းတို့ တွေကတော့ ပြောလေကဲလေ နဂိုကတည်းက နာဂစ်မွှေလို့ မှ မလှုပ်တဲ့  ထိုင်ခုံကို ပိုခိုင်အောင် အသစ်လဲပေးမလို့ လာကွ ……….

လင်း - အဘကလည်း သူတို့ ဘ၀က အထီးကျန်နေတာကြာပြီလေ ၀င်ရောပြီးဘ၀ပြောင်းပေးလိုက်မယ်လေ... ဘယ်
လိုသဘောရလဲ …………

ဘိုး - ဟေ မင်းတို့ ငါတို့ တွေကို ဘ၀ ပြောင်းပေးထားတာရော သိရဲ့ လား၊ မင်းနပါသေးတယ် ကလေးရယ် ……
ဒီမှာ ဖြစ်ရပ်မှန် ပုံပြင်ပြောပြမယ် ၊ အစကတည်းကိုက ကြိုးဆွဲရာ ကလို့ ရမယ့် ရုပ်သေးရုပ်တွေကို ရွေးပြီး ကျင်းပတဲ့
ညီလာခံက အတည်ပြုထားတဲ့ ဖွဲ့ စည်းပုံကွ၊ ဘယ်သူမှ အဲဒီဖွဲ့ စည်းပုံအတွက် အကြံဥာဏ် ပေးလို့ မရဘူး …..
တစ်ဖက်သက်ရေးဆွဲ ပြီးတော့ဖတ်ပြ တစ်ဖက်ကိုသတ်ပြီးမှ အတည်ပြုထားတဲ့ နာဂစ်ဖွဲ့ စည်းပုံကွ …..
မင်းတို့ ကွာ လူငယ်တွေဖြစ်ပြီးတော့ … ငါတော့ ဒီစနစ်အောက်မှာ လူမဖြစ်ချင်တော့ဘူး … မြန်မာပြည်သားလို့ 
ပြောရမှာတောင်ရှက်တယ်ကွဲ့ ……….

လင်း - ထားပါတော့ အဘရယ် သူတီးတဲ့  ဆိုင်းသံအတိုင်းမကရင် စဉ်ပေါ်တက်ဖို့  အခွင့်အရေး မရှိတော့ဘူးဗျ...

ဘိုး - ဟေ မင်းက ဒီလိုမျိုး အပေါ်ယံ အခွံသက်သက် ရွေးကောက်ပွဲမှာ မင်းရဲ့ အရည်အချင်းကို အချိန်အကုန်ခံပြီး
သွားအသုံးတော်ခံအုံးမလို့ လား ………..
လင်း - လုပ်ပြီ အဘကတော့ ဒီအစိုးရလက်အောက်မှာ ဘယ်သူက နာမည်ဂုဏ်သတင်း ယူချင်ကြမှာလဲ။
ဒါပေမယ့် အခုဟာက လိုအပ်တဲ့  ပြောင်းလဲမှုတွေကို လုပ်နိုင်မယ့်အချိန်ဆိုတော့ ……..

ဘိုး - သြော် ………. ဒါနဲ့ ပဲ ဒီရွေးကောက်ပွဲမှာ ၀င်ပါပြီး ပြည်သူတွေကို တခါတည်း အသေသတ်မလို့ လားကွ…

လင်း - ဟာ အဘကလည်းဗျာ

ဘိုး - ဘာ အခုမှ အဘကလည်းဗျာလဲ ……. ဒီလောက် အခြေအနေဆိုးနေတာကို အားမရသေးလို့  ဒီထက်ဆိုးလာအောင် မင်းတို့ က ကူညီကြမလို့  မဟုတ်လား …….
လင်း - ဒါဆို ကျနော်တို့ က ဘာလုပ်ရမှာလဲဗျ … ၀င်မပါပဲ ဒီတိုင်း ထိုင်ကြည့်နေမလို့ လား …

ဘိုး - အေး ….. လက်ခုပ်က နှစ်ဘက်တီးမှ မြည်တာကွ … ပြည်သူမပါဘဲ အစိုးရပဲ လုပ်လို့ မှ မရတာ … မင်းတို့ 
ငါတို့ လို ပြည်သူတွေက ဒီရွေးကောက်ပွဲကို မပါဝင်ပဲ နေသင့်တာကွ …

လင်း - ဒါဆို ကျနော်တို့  ပြည်သူတွေ မပါရင် အစိုးရတဘက်တည်းနဲ့ ဒီရွေးကောက်ပွဲ မအောင်မြင်နိုင်ဘူးလို့  ဆိုလိုတာလား အဘ …….

ဘိုး - အင်း မင်းတို့ လူငယ်တွေ ဒီလိုဆိုတော့ ဘယ်ဆိုးလို့ လဲ………. ပြည်သူတွေ အနာဂတ်အတွက် မကောင်းလာမယ့် ရွေးကောက်ပွဲကို နဂိုတည်းကနဲ့  မပါဝင်တာ မကောင်းဘူးလားကွ………

လင်း - နားလည်ပါပြီဗျာ … အခုမှပိုရှင်းသွားပြီဗျ…..

သတင်းကြငြာခန်း

A – MRTV, B - နေကြာရိုင်း

A ကျန်းမာတော်မူပါစရှင် ။ အခုအချိန်မှစပြီး မြန်မာ့ရုပ်မြင်သံကြား အစီအစဉ်မှ ပြည်တွင်းသတင်းများကို စတင်ကြေညာ ပါတော့မယ်ရှင်။ ၂၀၁၀ မှာ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲကို ကျင်းပပေးတော့မှာ
ဖြစ်ပါတယ်။

B မင်္ဂလာပါရှင် ။ နေကြာရိုင်း သတင်းဌာနမှ သတင်းများကို ဆက်လက် အသံလွှင့်နေပါတယ်ရှင် ။ ယခုအချိန်မှစပြီး မြန်မာနိုင်ငံရဲ့ ၂၀၁၀ ရွေးကောက်ပွဲနဲ့  ပတ်သတ်သော သတင်းများကို စတင်တော့မှာ ဖြစ်ပါတယ်ရှင် ။ စစ်တပ်က ဗိုလ်မူးများ စစ်ဝတ်စုံချွတ်ပြီး အရပ်သားဝတ်စုံ ပြောင်းလဲဝတ်ဆင်ကာ ပါတီဖွဲ့ ရန် ပြင်ဆင်နေကြောင်း ခိုင်လုံသော သတင်းရပ်ကွက်မှ သတင်းရရှိပါတယ်ရှင်။

A ဒီရွေးကောက်ပွဲမှာ ပါတီတွေ လွတ်လပ်စွာ နိုင်ငံရေးစည်းရုံးခွင့် ရရှိတော့မှာ ဖြစ်ပါတယ်။

B အန်အယ်လ်ဒီ ခေါင်းဆောင်ပိုင်းနဲ့  ပါတီဝင်အချို့ ကို ပါတီမှ ဖယ်ရှားဖို့ စစ်အစိုးရမှ အကွက်ကျကျ စီစဉ်နေကြောင်း အန်အယ်လ်ဒီ တာဝန်ရှိသူတဦးမှ ထုတ်ဖော် ပြောကြားခဲ့ပါတယ်ရှင် ။

A ၂၀၁၀ ရွေးကောက်ပွဲမှာ အနိုင်ရရှိတဲ့ ပါတီကို အာဏာ လွှဲပြောင်းပေးမှာဖြစ်ပါတယ်။

B ၂၀၁၀ ရွေးကောက်ပွဲပြီးရင် စစ်အစိုးရက ဖွဲ့ စည်းပုံအခြေခံဥပဒေ (ပြင်ဆင်ရေး) ပြင်ဆင်ချက် ၊ အစိုးရအဖွဲ့ ရဲ့ 
ထိပ်ပိုင်းနေရာ ၊ စီးပွားရေးနှင့် နယ်စပ်ဒေသများကို ထိန်းချုပ်လိမ့်မည် ဖြစ်ကြောင်း ၀ါရင့် နိုင်ငံရေးသမားတဦးမှ ခန့် မှန်းသုံးသပ် လိုက်ပါတယ်ရှင် ။

A ရွေးကောက်ပွဲပြီးရင် မြန်မာပြည်သားများ ရွေလမ်း ငွေလမ်းခင်းပြီး ရွေပြည်သစ်ကို သွားနိုင်တော့မှာ ဖြစ်ပါတယ။်

B ဒီကနေ့ စစ်အစိုးရတပ်နဲ့  တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ များ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားရာ ဒေသခံပြည်သူ ထောင်ပေါင်းများစွာတို့ သည် အိုးအိမ်ကို စွန့် ခွာ၍ ထိုင်း-မြန်မာ နယ်စပ်သို့  ထွက်ပြေးပုန်းရှောင်
လာကြကြောင်း သတင်းရှိပါတယ်ရှင် ။

Both:ဤတွင် ယနေ့ သတင်းများကို ကြေညာလို့  ပြီးပါပြီရှင် ။ အားလုံး ရွှင်လန်းချမ်းမြေ့  ကြပါစေရှင်။

အတုအယောင် ဒီမိုကရေစီ

(က) ဟဲ့ ……… နင်သိပြီးပြီလား။ ဒီနှစ် ရွေးကောက်ပွဲ ရှိတယ်ဆိုပဲ။ ငါတို့ စစ်အစိုးရက ရွေးကောက်ပွဲကို ဒီမိုကရေစီနည်းကျကျ လုပ်ပေးအုံးမယ်တဲ့ ။

(ခ) အေးလေ ……… ဒီမိုကရေစီကျလွန်းလို့  အန်အယ်လ်ဒီတောင် ရွေးကောက်ပွဲဝင်ဖို့  စာရင်းမသွင်းဘူးလေ။

(က) ဟင် ………. တကယ်လား။ ဘာဖြစ်လို့ မသွင်းတာလဲ။

(ခ) အေးလေ။ စစ်အစိုးရက ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံဥပဒေကို သူတို့ စိတ်ကြိုက်ပဲ ရေးဆွဲထားတာ။ ခုလည်း ရွေးကောက်ပွဲဥပဒေက ထောင်ကလွတ်လာတဲ့  လူတွေကို ရွေးကောက်ပွဲမှာ ၀င်အရွေးခံဖို့  မပြောနဲ့  ပါတီထဲတောင် ၀င်လို့  မရဘူးတဲ့ ။

(က) နင်ကလည်းဟယ် ထောင်ကထွက်မှတော့ ရွေးကောက်ပွဲ ဘယ်ဝင်နိုင်ပါ့မလဲ။

(ခ) သြော် ………. အဲလိုဖြစ်အောင် အစိုးရက တမင်ကိုလုပ်ထားတာ။ ငါပြောတဲ့  ထောင်က လွတ်လာတဲ့ သူတွေ ဆိုတာက ငါတို့ နိုင်ငံ ဒီမိုကရေစီ ရဖို့ အတွက် အစစ်အမှန် လှုပ်ရှားနေတဲ့ သူတွေလေ။ ဒီလိုလူတွေကို ဒီမိုကရေစီ ပေးမယ်ဆိုတဲ့  စစ်အစိုးရက ဖမ်းလိုဖမ်း၊ ထောင်ထဲ ထည့်လိုထည့်၊ အခုလည်း ရွေးကောက်ပွဲ ၀င်လို့ မရအောင် စစ်အစိုးရက ဥပဒေတွေနဲ့  တားထားပြန်ပြီ။ ဒါကို ဒီမိုကရေစီလို့ ခေါ်နိုင်မှာလား။

(က) ဟင် ………… ဒါဆို ငါတို့ အစိုးရက ဒီမိုကရေစီပြောပြီး ဒီမိုကရေစီကို ပြန်သတ်နေတဲ့ သိုးရေခြုံတဲ့ 
ဝံပုလွေကြီးပေါ့ ။

(ခ) ဒါတင်ဘယ်ကမလဲ သူငယ်ချင်းရယ် အရှေ့ မှာ ဟန်ပြလုပ်ပြနေပြီး အနောက်မှာ ကောက်ကျစ်နေတဲ့ ၊
ငါတို့ နောက်ကျောကို ဓားနဲ့ ထိုးမယ် မင်းသားခေါင်းဆောင်းတဲ့  ဘီလူးကြီးအစစ်ပေါ့ဟ ။

လျှပ်စစ်မီးနဲ့ ဒီမိုကရေစီ

ဒေါ်စိန်တင် ။ ။ ဟေး …….. မိချော နင်တို့  ပဲခူးမြို့ ကြီးက ပျော်စရာ ကောင်းလိုက်တာနော်။

မိချော ။ ။ နင်တို့  ရန်ကုန်မြို့ ကြီးလောက်တော့ ပျော်စရာ ဘယ်ကောင်းပါ့မလဲ ၊ အပျင်းပြေ Korea ကားကြည့်ဖို့  တောင်မှ မီးလာတုန်း ခဏလေး ကမန်းကတန်း ကြည့်ရတာ။

မစိန်တင် ။ ။ ကြည့်စမ်းပါဦး ………. ကိုးရီယားနိုင်ငံက လမ်းတွေမှာ မီးတွေ လင်းထိန်နေတာဘဲ ။ ငါ ဒါကိုကြည့်ပြီး ရန်ကုန်မြို့  ကြီးကို သတိရလိုက်တာဟယ်။

မိချော ။ ။ အိုး ……… ရန်ကုန်မှာလို မီးတွေ လင်းထိန်နေလို့ လား ။

မစိန်တင် ။ ။ ဟား ဟား ဟား ……….. ရန်ကုန်မှာ အမလေး …….. မီတာခသာ ပုံမုန်ကုန်မယ် …. မီးတော့ ပုံမှန်မရဘူးဟဲ့ ။

မိချော ။ ။ အိုး ဟား ဟား ဟား …… ဒါဆို ၂၀၁၀ ရွေးကောက်ပွဲလို ဖြစ်နေပြီ ။

မိစိန်တင် ။ ။ လျှပ်စစ်မီးနဲ့  ရွေးကောက်ပွဲ ဘာဆိုင်လို့ လဲ။

မိချော ။ ။ ဒီလိုလေဟာ ……… စစ်အစိုးရက ရွေးကောက်ပွဲမှာ ငါတို့ ပြည်သူတွေကို သူတို့ အတွက် အတင်း မဲပေးခိုင်းတယ်လေ။ ဒါပေမယ့် ဒီမိုကရေစီဖြင့် ရမှမရပဲ။ အရင်အတိုင်းပဲ ဘာမှ မပြောင်းလဲဘူး။

မိစိန်တင် ။ ။ ဟင် ………… ဒါဖြင့် ဒီမိုကရေစီနဲ့ လျှပ်စစ်မီး ဘယ်ဟာ အရင်လာမလဲမသိ။
Powered by Blogger