စပယ်ရှယ်အိတ်ကပ်လေး

B: မင်္ဂလာပါ …. ဗိုလ်ချုပ် ကျမတို့ ရဲ့  စိတ်တိုင်းကျ အထည်ချုပ်ဆိုင်မှ ကြိုဆိုပါတယ်ရှင်။ ဘာအလိုရှိပါသလဲရှင်။

G: ငါ ၀တ်စုံတစုံလောက် မှာချင်လို့ ဟေ့……… နင်သိလား... အခုငါက လွှတ်တော်အမတ် ဖြစ်တော့မှာဆိုတော့ ငါရဲ့  စစ် ယူနီဖောင်းကို ပြောင်းရတော့မယ်လေ။

B: သြော် ဟုတ်ကဲ့ရှင့်။ ဟုတ်ကဲ့။

G: လူတွေကြည့်လို့ ရှိရင် အရပ်မြင့်တယ်လို့  ထင်ရအောင် ဒီဇိုင်းကို သေသေချာချာ ချုပ်ပေးနော် ညီမလေး။

B: ဟုတ်ကဲ့ပါရှင်……… စိတ်တိုင်းကျ ဖြစ်စေရမယ်။

G: အော် …………အေး အဲဒါဆိုလို့ ရှိရင် လူတွေကြည့်ရင် ပိန်တယ်လို့  ထင်ရအောင် အရောင်နက်နက် ချုပ်ပေးနော်။

B: ဟုတ်ကဲ့။

G: စမတ်ကျကျဖြစ်ဖို့ ပခုံးမှာ ဖော့အခံထည့်ပေးဖို့  မမေ့နဲ့ ။

B: ဟုတ်ကဲ့ ……… စိတ်ချပါရှင်။

G: ကောင်းပြီ……… ကောင်းပြီ။ အော် ဒါနဲ့ ငါ့သေနတ်ထည့်ဖို့ အတွက် အင်္ကင်္ျီမှာ စပယ်ရှယ်အိတ်ကပ် ထည့်ဖို့ လည်း မမေ့နဲ့  နော်....

B: ဘုရားရေ.......။

0 Response to "စပယ်ရှယ်အိတ်ကပ်လေး"

Post a Comment

Powered by Blogger