အိပ်မက်ဟာသ
A ဟေ့... မိမိုး လူတွေက ဒီမိုကရေစီ ဒီမိုကရေစီလို့  တောင်းနေကြတယ်။ ဒီမိုကရေစီကဖြင့် စားလို့ လည်း မရဘဲနဲ့ ။
B နင်က ဘာသိလို့ လဲ ဟ……… ညကဒီမိုကရေစီက ငါအသက်ကို ကယ်ခဲ့တယ်ကွ။
A ဟင် ……… ဟုတ်လား ဘယ်လိုကယ်ခဲ့လဲ။
B ဒီလိုဟ ညက ငါ့အိပ်မက်ထဲမှာ ငါက လူအုပ်ကြီး တခုရှေ့ ရပ်ပြီး ဗိုလ်သန်းရွှေ ထိုင်ခုံပေါ်ကဆင်း၊ ကလိမ်ကကျစ်
ရွေးကောက်ပွဲ အလိုမရှိ ………… လို့  ဟစ်ကြွေးနေတာ၊ လူအုပ်ကြီးကလည်း အားရပါးရ ထောက်ခံကြတာပေါ့၊
A ဟာ …… ဒါအားရစရာပေါ့.....
B အေး အဲလိုအော်လို့  ကောင်းနေတုန်း ဒိုင်း …… ကနဲ့ ဆိုတဲ့ အသံလည်းကြားရော လူအုပ်ကြီးက ၀ရုန်းသုန်းကား ထွက်ပြေးလိုက်ကြတာ ကျည်ဆံ တကယ်လာမှန်တာက ငါ့ခြေထောက်ကို ……… နောက်တော့ စစ်သားနှစ်ယောက် ရောက်လာပြီး ငါ့ကို ချိုင်းကနေ မ ကားထဲ ပစ်ထည့်လိုက်ကြတယ်၊
A ဒါကတော့ ၀မ်းနည်းစရာပဲ၊
B ကားထဲရောက်မှ သေသေချာချာ ကြည့်လိုက်တော့ ငါတယောက်ထဲပါလားဆိုတာ သိလိုက်ရပြီး သတိလစ်သွားပါလေရော။
A ချောင်ချောင် လည်လည် ကားစီးရတာ ပျော်စရာပေါ့ ၊ ဒါပေမယ့် အချုပ်ကားလား ၊ အသုဘယဉ်လား မင်း သေသေချာချာ မြင်လိုက်ရဲ့ လား ………….
B ငါသတိရလို့ ရှေ့ မှာ ထိုင်နေတဲ့ သူကို ကြည့်လိုက်တော့ ကားမောင်းတဲ့ သူက ဗိုလ်ချုပ်သန်းရွှေ ဖြစ်နေတယ်။
A ဗိုလ်ချုပ်က မင်းကို ကျည်ဆံနဲ့ ဖိတ်လိုက်ပေါ့လေ၊ သူသိပ်ချစ်တဲ့ သူဖြစ်လို့ နေမှာပေါ့။
B အိပ်မက်ထဲမှာ ဗိုလ်ချုပ်သန်းရွှေက ငါ့ကို ကားပေါ်ကဆွဲထုတ် ၊ သေနတ်နဲ့ ချိန်ပြီး မသေခင်မှာ မင်းလိုတဲ့ 
ဆုကိုတောင်းတဲ့ .... ဆိုတော့ ငါက ဒီမိုကရေစီလို့ ပြောလိုက်ရော။
A အဲဒီတော့ ဗိုလ်သန်းရွှေ မင်းကို သေနတ်နဲ့ ပစ်သတ်လိုက်ရောလား....
B မဟုတ်ဘူး ….. သူခေါင်းကုတ်ပြီး ငါ့ကိုမေးတယ် ဒီမိုကရေစီဆိုတာဘာလဲတဲ့......
A ဟား ဟား ဟား ………....

0 Response to "အိပ်မက်ဟာသ"
Post a Comment